တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ကြက်မောက်သီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

­­လှိုင်းဘွဲ   ၂၀    မေ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာအုပ်စုကမ်းနားကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ကြက်မောက်သီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါကြက်မောက်ပင်များအား မိမိခြံဝင်းအတွင်း၌ စိုက်ပျိုးထားခြင်းကြောင့် ကိုဗစ်-၁၉ ကာလအတွင်း အပြင်ထွက်စရာမလိုအပ်ဘဲ မိသားစုစီးပွားရေးကို အထောက်အကူပေးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။

 

ကြက်မောက်သီးကို စတင်စိုက်ပျိုးချိန်မှ (၃)နှစ်အကြာတွင် အသီးများထွက်ရှိလာပြီး အသီး များကို ခူးဆွတ်ပြီး ရောင်းချနိုင်ပါသည်။ ကြက်မောက်ပင်(၃၀)အား စိုက်ပျိုးထားလျှင် တစ်နှစ် ဝင်ငွေမှာ (၁၀)သိန်းနီးပါးခန့်ရရှိနိုင်ကြောင်းကို တောင်သူဒေါ်မုထူးထံမှ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)