တောင်ငူမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

တောင်ငူ  ၂၂  သြဂုတ် 


ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ငူခရိုင်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။ 


အလုပ်ရုံဆွေးနွေးပွဲတွင် တောင်ငူမြို့နယ် Book Club အသင်း နာယက ဦးအောင်သန်းက စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စာကြည့်တိုက်စိတ်ဓာတ် သိကောင်းစရာများအား လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တောင်ငူခရိုင် ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးက စာကြည့်တိုက်ပညာ မိတ်ဆက်အကြောင်းအား လည်းကောင်း၊  ဒုတိယ ဦးစီးမှူးဒေါ်ခင်သူဇာဝင်းနှင့် ရေတာရှည် မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံတို့က စာကြည့်တိုက်ပညာ၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်းနှင့် စာပေပစ္စည်း ထိန်းသိမ်းနည်းများအားလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဆရာ ဆရာမ (၃၀) ဦးတို့က အုပ်စု ၃ ဖွဲ့ခွဲကာ တစ်ဖွဲ့စီအလိုက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် လိုအပ်မှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် နည်းလမ်းများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။ 


MDN