တောင်တွင်းကြီး သြဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း လျာထားဧက ၁၃၁၅၀ ဧကအနက် ဇူလိုင် ၃၁ ရက်နေ့အထိ ဖူးစားပြောင်း  ၆၀၈၂ ဧက စိုက်ပျိုးပြီးစီး ခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ   လျာထားဧက ဖူးစားပြောင်း ၁၃၁၅၀ ဧက လျာထားပါတယ်။ ဇူလိုင်လ ကုန်ထိဆိုရင်  ဖူးစားပြောင်း ၆၀၈၂ ဧက စိုက်ပျိုးပြီးပါပြီ။ စိုက်ပျိုးပြီးစီးတဲ့ ဖူးစားပြောင်း ဧကပိုင် တောင်သူများနဲ့လည်းတွေ့ဆုံကာ  ပြောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းဖို့၊ ပိုးမွှားအန္တရာယ် ကြိုတင် ကာကွယ်တဲ့ နည်းလမ်းတွေကိုလည်း အသိပညာပေးလုပ်ငန်းများလည်း လုပ်ဆောင်ထားရှိပါတယ်။ လျာထားဧကပြည့်မှီအောင်လည်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 တောင်တွင်းကြီးမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းစိုက်ပျိုးမည့် တောင်သူများကို  စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သင်တန်းပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ ပြောင်းခင်းများတွင် ဘက်စုံသီးနှံကာကွယ်ရေးစနစ်များဖြစ်သည့် တမာပိုးသတ်ဆေး အသုံးပြုနည်းများ၊ ဖောငမြှောင်တောင်ပိုး ကာကွယ်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်နောင် (ဗိဿနိုးမြေ)