တေးစာသားတွေကို ပြောင်းလဲဖို့ရာ စဉ်းစားနေတဲ့ Spice Girls

၂ ဇန်နဝါရီ

ကမ္ဘာကျော် အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "Spice Girls" ဟာ အဖွဲ့ရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေရဲ့ စာသား အချို့ကို ပြောင်းလဲဖို့ရာ စဉ်းစားနေတာဖြစ်ပါတယ်။ လာမယ့်နှစ်အတွင်း နယ်လှည့်တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာဖြစ်တဲ့ အဆိုပါတေးဂီတ အဖွဲ့ဟာ အဖွဲ့ရဲ့ တေးသီချင်းအချို့ကို ပြန်လည်သီဆိုဖျော်ဖြေရာမှာတော့ စာသားအချို့ကို ပြောင်းလဲသီဆိုလိုတာဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တရားဝင်ထုတ်ဖော်အသိပေးခဲ့ပြီးနောက် အဖွဲ့ဝင်တွေဟာ လတ်တလောမှာ တော့ နယ်လှည့်ဖျော်ဖြေပွဲတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာပါ။ ဒီအချိန်မှာတော့ သူတို့ရဲ့အကျော်ကြားဆုံးသော တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေဖို့ ပြင်ဆင်ရင်းက တေးသီချင်းအချို့ရဲ့ စာသားတွေကို ပြောင်းလဲ သီဆိုဖို့ရာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

"Spice Girls" မှာ ယခင်က ဗစ်တိုးရီးယားဘက်ခမ်းပါဝင်ခဲ့တာ ဖြစ်ပေ မယ့် မကြာမီပြုလုပ်သွားမယ့် နယ်လှည့်ဖျော်ဖြေပွဲတွေမှာတော့ ပါဝင်နိုင်ခြင်း မရှိတာကြောင့် အဖွဲ့ဝင်လေးဦးနဲ့ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ တွေကိုတော့ လာမယ့်မေလအတွင်း စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။