တိရစ္ဆာန်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးဆေးနှင့် ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဆေးဝါးအကြောင်း သင်တန်းပို့ချ

ရေဦး ၉  သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တိရစ္ဆာန်ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP) နှင့်ပတ်သက်၍ ဆေးဝါးအကြောင်း သင်တန်းပေးခြင်းကို သြဂုတ် ၉ ရက် နံနက် ၉ နာရီက အဆိုပါဌာန၌ ကျင်းပခဲ့သည်။


တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးခင်မောင်မြင့်တို့တက်ရောက်ကာ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး မွေးမြူရေးနှင့် ကုဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်စန်းတင့်က သင်တန်းပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့ပေးသော တိရစ္ဆာန်ရောဂါ ထိန်းချုပ်ဆေးနှင့် ဆေးပစ္စည်းများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။   ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်စန်းတင့်က တက်ရောက်လာကြသောအရပ်ဘက် တိရစ္ဆာန်ဆေးကုသူများကို ဆေးဝါးနှင့်ပတ်သက်သော အသုံးပြုရမည့် နည်းစနစ်များကို Power Point  ဖြင့်ရှင်းပြခဲ့ကြောင်းသိရသည်။


သန်းထိုက် ( ရေဦး ) 

 

1