“တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပမည်

ရန်ကုန် ၃ ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲတို့အား “တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ စိစစ်အကဲဖြတ်ရေးအဖွဲ့က ဆုများရွေးချယ်သတ်မှတ်ပြီး ဖြစ်သည်။

 

အဆိုပါ ဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲတို့၏ ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၉ ရက် (တနင်္ဂနွေ) နေ့  မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Sky Star Hotel, Royal Ballroom ၌ ကျင်းပမည်ဖြစ်သည်။

 

ဆုရရှိသူများသည် ဆုများလက်ခံရယူရေးနှင့် ပတ်သက်၍ ပြိုင်ပွဲကျင်းပရေးကော်မတီ ဖုန်း ၀၁- ၂၀၁၉၃၆၊ ၀၁- ၃၇၁၃၄၀၊ ၀၁-၃၇၁၃၄၂ သို့ ဆက်သွယ်ဆောင်ရွက်ကြရန် နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်