ရန်ကုန်    မေ    ၃၁

အားကစားရေးရာဝန်ကြီးဌာနက  ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆  ခုနှစ် တိုင်းဒေသကြီးနှင့်   ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို  ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းနှင့် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတို့၌ ကျင်းပသည်။

ယနေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း၊  ပဒေသာအားကစားကွင်း၌ ရှမ်းပြည်နယ် အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသည်။

၂၀၂၆ ခုနှစ် ဇွန် ၁ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲပွဲစဉ်ကို သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊  ဗိုလ်လုပွဲ ပွဲစဉ်ကို ညနေ ၄ နာရီတွင်  လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ဘောလုံးအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်