ရန်ကုန် ဇူလိုင် ၂၆
၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲများကို ယနေ့တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပလျက်ရှိရာ အမျိုးသား (၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဘုန်းထွဋ်အောင်က ပထမ၊ ရခိုင်ပြည်နယ်မှ ဖြိုးထူးကျော်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်မျိုးမင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဟိန်းထွဋ်စံတို့က ပူးတွဲတတိယရရှိခဲ့သည်။
အမျိုးသား (၄၅-၄၈)ကီလိုတန်းပြိုင်ပွဲတွင် ထင်အောင်လင်း(ရန်ကုန်)က ပထမ၊ လင်းထက်အောင် (ရခိုင်)က ဒုတိယ၊ မြင့်မြတ်ကိုကို(ဧရာဝတီ)နှင့် လင်းနိုင်ဦး(ကယား)တို့က ပူးတွဲတတိယဆုဖြင့် လည်းကောင်း၊ (၅၄-၅၈) ကီလိုတန်းပြိုင်ပွဲတွင် စောရန်ထူး(မန္တလေး)က ပထမ၊ စံလင်း(ကရင်) က ဒုတိယ၊ ကျော်ဇေယျာဖြိုး(ကယား)နှင့် နေစိုးရှိန်(ရခိုင်)တို့က ပူးတွဲတတိယဖြင့် လည်းကောင်း၊ (၆၃-၆၈)ကီလိုတန်းတွင် ထက်မြတ်နိုင်(ရှမ်း)က ပထမ၊ လွင်မျိုးခန့်(ကယား)က ဒုတိယ၊ လင်းဆက်ပိုင်(ချင်း)နှင့် ထက်မြတ်အောင် (ဧရာဝတီ)တို့က ပူးတွဲတတိယဆုကို အသီးသီး ရရှိခဲ့ကြ သည်။
အမျိုးသမီး (၄၆-၄၉) ကီလိုတန်းပြိုင်ပွဲတွင် သဉ္ဇာကျော်(ကယား)က ပထမ၊ မိုးပြည့်စုံ (ကရင်)က ဒုတိယ၊ မေရတနာအောင်(မန္တလေး)နှင့် ခင်ငြိမ်းသူ(ရန်ကုန်)တို့က ပူးတွဲတတိယ ဖြင့်လည်းကောင်း၊ (၅၃-၅၇) ကီလိုတန်းပြိုင်ပွဲတွင် မေမြတ်နိုး(ရန်ကုန်)က ပထမ၊ ခင်ငြိမ်းငြိမ်းဇော်(တနင်္သာရီ)က ဒုတိယ၊ မေသဇင်ကျော်(ဧရာဝတီ)နှင့် ကြယ်စင်လင်းသူ(ရခိုင်)တို့က ပူးတွဲတတိယဆုကို ရရှိခဲ့ကြောင်း သိရသည်။
နေမျိုး၊ ဓာတ်ပုံ-နိုင်လင်း


