တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးခြင်းအစီစဉ် လွိုင်ကော်မြို့တွင်ပြုလုပ်

လွိုင်ကော်  ၁၆    သြဂုတ် 

 

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကာကွယ်စောင့်ရှောက် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြှင့်တင်စေရန် ၊ တိုင်းရင်းသားများရဲ့ အခြေခံအချက်အလက်များရရှိစေမယ့် အရေးကြီးအစီအစဉ်တစ်ရပ်ကိုဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီးတိုင်းရင်းသား ရေးရာအခြေခံ အချက်များ ကောက်ယူခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးခြင်းအခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့၊  နံနက်  ၉ နာရီအချိန်က လွိုင်ကော်မြို့၊ တိုင်းရေးသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွန်ကြားရေးမှူးရုံး တွင်ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကယားပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးလှမျိုးဆွေက ဝန်ကြီးဌာနရဲ့ ပဏာမခြေလှမ်းအနေနဲ့ တိုင်းရင်းသားလူမျိုးစုများ ပျံ့နှံ့နေထိုင်ပုံအပါအဝင် တိုင်းရင်းသားတွေရဲ့ အခြေခံအချက်အလက် များကိုကောက်ယူဖို့နဲ့ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာများကို အသိပညာပေးဆွေးနွေးမှာဖြစ်ပြီး အခြေခံအချက်အလက်တွေကို သိထားမှဥပဒေပါ တိုင်းရင်းသား အခွင့်အရေးတွေကို တောင်းဆိုပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်လို့ရမှာဖြစ်ကြောင်း ပြောကြားသည်။  

 

ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက ကယားပြည်နယ် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ (၁၀) ဖွဲအား တစ်ဖွဲ့လျင်ငွေကျပ် ၁ သိန်းနှုန်းဖြင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး တိုင်ရင်းတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ နှင့်ပတ်သက် သည့်အကြောင်းအရာများအား  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်း က ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များက အကြောင်းအရာအလိုက် စကားဝိုင်းဆွေးနွေးခြင်း ၊ ပြန်လည်သုံးသပ်တင်ပြခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

အောင်ထွန်းလေး