တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၂   သြဂုတ် 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။


တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်းပြ၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ်  ဖိအားပေးဆောင်ရွက်နေမှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှု၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်းနှင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှုရရှိရန်နှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။  


(သတင်းစဉ်)