တရုတ် ဟာဝေးနည်းပညာကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ် ကနေဒါတွင် အဖမ်းခံရ

တရုတ် ဟာဝေးနည်းပညာကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ် (  CFO  )  မန်ဝမ်ဇူ သည် အမေရိကန်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ဒီဇင်ဘာ ၁ ရက်နေ့က ဗန်ကူးဗားတွင် ဖမ်းဆီးခံခဲ့ရကြောင်း ကနေဒါတရားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မန်ဝမ်ဇူ ကို ဖမ်းဆီးရသည့် အကြောင်းရင်းကို အတည်မပြုရသေးသော်လည်း ပြည်တွင်းမီဒီယာများက ဟာဝေးကုမ္ပဏီသည် အီရန် ပိတ်ဆို့ဒဏ်ခတ်မှုများကို ချိုးဖောက်ခြင်းနှင့် ဆက်စပ်နေခဲ့ကြောင်း သတင်းပို့ခဲ့ကြသည်ဟု သိရသည်။ 

မန်ဝမ်ဇူသည် ကုမ္ပဏီစတင်တည်ထောင်သူ ရန်ဇောင်ဖီ ၏ သမီးဖြစ်ကြောင်းနှင့် သူ၏လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး   သောကြာနေ့တွင် တရားရုံး၏ကြားနာမှုကို သိမြင်ရမည်ဖြစ်ကြောင်း သိရသည်။

ဟာဝေး က ထုတ်ပြန်ချက်တစ်ခုတွင် မန်ဝမ်ဇူအဖမ်းခံရခြင်းကို အတည်ပြုခဲ့ပြီး  အဆိုပါစွပ်စွဲမှုနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် အနည်းငယ်သာ သိရှိခဲ့ကြောင်းဆိုသည်။

ဟာဝေးကုမ္ပဏီက မန်ဝမ်ဇူအနေဖြင့် မည်သည့်အမှားများ ပြုလုပ်ခဲ့သည်ကို  မသိရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကနေဒါရှိ တရုတ်သံရုံးက  သူ့ကိုဖမ်းဆီးထားမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် သူ့ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို