ဦးမျိုးဝင်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

နေပြည်တော် ၁၂ နိုဝင်ဘာ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဦးမျိုးဝင်းအား ခန့်အပ်တာဝန်ပေးအပ်လိုကြောင်း နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာပေးပို့မှုကို ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက က ဖတ်ကြားတင်ပြခဲ့သည်။

 

အထက်ပါကိစ္စရပ်နှင့် စပ်လျဉ်း၍ သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက  နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီနောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့နိုင်ကြောင်း သိရသည်။

 

အဆိုပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN