" VOICE OF THE YOUTH MUSIC FESTIVAL 2018" ပွဲတော် ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်မည်

ရန်ကုန် ၂၉ နိုဝင်ဘာ 

 

လူငယ်များရဲ့ အသံ ဂီတပွဲတော်၂၀၁၈ အမည်ဖြင့် လာမည့် ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရန်ကုန်မြို့ ဗိုလ်တထောင်ကမ်းနား ဥပစာလမ်းမတွင် ဝင်ကြေးအခမဲ့အဖြစ် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

" ဒီပွဲရဲ့ အဓိကထူးခြားမှုက ဂီတကို ဝါသနာပါတဲ့ လူငယ်တွေအတွက် နှစ်အလိုက် Voy Workshopများဖွင့်လှစ်ခြင်း၊ Voy Song Albumများ ထုတ်လုပ်ပေးခြင်း၊ Voy Song Contestများစီစဉ်ပေးခြင်း ကိုပြုလုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်က စခဲ့တာဆို အခုဆို သုံးနှစ်ကျော်အတွင်းကို ရောက်ရှိခဲ့ပါပြီ။ ဒီပွဲတော်ကြီးကနေတစ်ဆင့် ဂီတလောကထဲမှာ အခြေချနေထိုင်နေတဲ့ ဂီတသမားတွေလည်း အများကြီး ရှိနေပါတယ်။ ပြီးတော့ ဒီပွဲကနေ လူငယ်တွေအတွက် ဘာတွေရရှိစေလဲဆို  ကွဲပြားခြားနားမှုများကို ဂီတနဲ့ ချိတ်ဆက်ပြီး ပိုမိုသဟဇာတဖြစ်တဲ့  လူအဖွဲ့အစည်း တစ်ရပ်ကို ဖော်ဆောင်ရာလည်းရောက်ပါတယ် " ဟု ကိုစောမျိုးနွယ်က ပြောသည်။ 

 

အဆိုပါ ဖျော်ဖြေပွဲတွင် Side Effect / Bigg- Y / LAN BAR / Last Days of Beethoven / Fever 109 / The Myth /  Skunx / T-Zin / Jimmy Jacobs / Mr. Luffie / Big Zee/ Floke Rose / Maze Of Mara / the  Resonabilists / Louz Xa Lone / SGL / TU / Myat Thitsar / Nway Nway တို့ အပြင် ဒီဂျေပညာရှင် Zaw Gyi တို့ ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း