YBS ယာဉ်များတွင် ခါးပိုက်နှိုက်မှုလျော့ကျရန်အတွက် ခါးပိုက်နှိုက်သတိပြု စာတန်းပါစတေကာများ ကပ်သွားမည်

ရန်ကုန် မေ ၁၈

 ခိုးပိုက်နှိုက်များကို YBS ခရီးသည်တင်ယာဉ်များပေါ်တွင် ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်ကာကွယ် သတိပြုမိစေရန်အတွက် "ခါးပိုက်နှိုက်သတိပြု" စာတန်းပါ စတေကာများကပ်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။

YBS တစ်စီးပေါ်တွင် အထက်ပါ စာတန်းပါ စတေကာ ၃ခုကပ်ရန် ကုမ္ပဏီများကို မေ၁၆ရက်မှစ၍ ဖြန့်ဝေထားပြီး ဖြစ်ကြောင်းလည်း သိရသည်။ "ခါးပိုက်နှိုက်တွေမရှိအောင်၊ ရှိရင်လည်း ဖမ်းဆီးလို့ရအောင် YBS တွေပေါ်မှာ CCTV တပ်ထားတာတွေရှိပါတယ်။ 

အဓိကအားဖြင့် CCTVယာဉ်တွေမှာ မနှိုက်ရအောင် YBS ယာဉ်တွေပေါ်မှာရဲတင်းစွာနှင့်နှိုက်နေတဲ့ ခါးပိုက်နှိုက်တွေ ပပျောက်ဖို့အတွက်" ခါးပိုက် နှိုက်သတိပြု" စာတန်း စတေကာတွေ ကပ်ရတာဖြစ်ပါတယ်" ဟု RTC မှ တွဲဘက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောကြားသည်။

CCTV မတပ်ဆင်ထားသည့်  YBS ယာဉ်များပေါ်တွင်ခါးပိုက်နှိုက်မှု အဖြစ်များပြီး CCTV တပ်ဆင်ထားသည့် ယာဉ်များပေါ်တွင် YRTC ၏ Control Centerမှ ပြန်ကြည့်၍နောက်ဆက်တွဲ ဖော်ထုတ်မှု လုပ်ငန်းစဉ်များအနေဖြင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်းဆောက်ရွက်နေပြီးကြောင်းလည်း သိရသည်။

YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် ခါးပိုက်နှိုက်သတိပြုစာတန်းပါစတေကာများအား YBSယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်းတံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏အနောက်စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘယ်/ညာစတေကာ(၁) ခုစီကပ်နှံသွားရန်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီး သည်တင်ယာဉ်များ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းနှင့်အညီ ပြေးဆွဲနိုင်စေရေးတို့အတွက် စစ်ဆေးရေးအဖွဲ့(၈)ဖွဲ့ဖြင့်လည်းကောင်း၊  ယာဉ်ကြောရှုပ်ထွေးသည့် မှတ်တိုင်(၁၆)မှတ်တိုင်တွင် လည်းကောင်း၊ ခရိုင်(၃)ခရိုင် ပူးပေါင်းအဖွဲ့ဖြင့်လည်း ကောင်း၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု မရှိစေရေးတို့အတွက် နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

MT