ယစ်မျိုးလိုင်စင်၊ အုတ်ဖုတ်လိုင်စင် ကတ်ပြားများနှင့် ရပ်ကွက်မြေငှားဂရန်များ ပေးအပ်

အိမ်မဲ ၁၇  ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ယစ်မျိုးလိုင်စင် အုတ်ဖုတ်လိုင်စင်ကတ်ပြားများနှင့်ရပ်ကွက်မြေဌားဂရန်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး ယစ်မျိုးလိုင်စင်ကတ်ပြား ၁၇ ခု၊ အုတ်ဖုတ်လိုင်စင်ကတ်ပြား ၇၇ ခုနှင့်ရပ်ကွက်မြေငှားဂရန်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုင်စင်လျှောက်ထားသူတို့ထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

 

mdn