ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်း ၇၉ ခု အကောင်အထည်ဖော်မည်

တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ - ရဲခေါင်ညွန့်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းပေါင်း ၇၉ ခုကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါစီမံကိန်းများအနက် စက်မှုဇုန်အသစ်များဖော်ဆောင်ခြင်း၊ စက်မှုဇုန်အဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ လူငယ်များ ဆန်းသစ်တီထွင်မှုများဆောင်ရွက်နိုင်ရန်အတွက် Yangon Innovation Center ဖွင့်လှစ်ခြင်းများကို တာဝန်ယူဆောင်ရွက်နေသည့် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

 

(ယမန်နေ့မှအဆက်)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ခရီးသွားလုပ်ငန်းဆောင်ရွက်မှု

 

မေး ။ ။ ဝန်ကြီးက ရန်ကုန်မြို့ရဲ့ ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့  ပတ်သက်ပြီး တာဝန်ယူထားသူဆိုတော့ ဘာတွေများ ဆောင်ရွက်ထားသလဲဆိုတာ ရှင်းပြ ပေးစေလိုပါတယ်။ 

 

ဖြေ ။ ။ ဟိုတယ်ခရီးနဲ့ ပတ်သက်ရင် ကျွန်မတာဝန်ယူစဉ်က ဟိုတယ်အခန်းပေါင်း ၁၈၀ဝ၀ လောက်ပဲ ရှိတယ်။ အခုဆိုရင် ၂၂၀ဝ၀ ကျော်ဖြစ်သွားပြီ။ ဟိုတယ် အခန်းပေါင်း ၄၀ဝ၀ ကျော် တိုးတက်ခဲ့တယ်။ ဟိုတယ်ခရီးနဲ့ ပတ်သက်ရင် လူတွေက စီးပွားရေးရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ မြှုပ်နှံလာတဲ့အပိုင်းတွေရှိတယ်။ အဲဒီမှာ ဟိုတယ်လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေကို ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်မကိုယ်တိုင် စိစစ်ရတယ်။ ဝန်ဆောင်မှုဆိုတာ လာတဲ့ဧည့်သည် အပေါ်မှာ စိတ်ကျေနပ်သွားဖို့အတွက် သန့်ပြန့်မှု၊ သန့်ရှင်းမှု၊ စနစ်ကျမှု၊ လုံခြုံမှုတွေအပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တာကြောင့် ဟိုတယ်ရာနဲ့ချီပြီး ကျွန်မ စစ်ဆေးခဲ့တယ်။ 

ဒီလိုခေတ်ကာလမှာ ခရီးအများဆုံးသွားတဲ့ မျိုးဆက်တွေကို ပြန်လေ့လာတဲ့အခါမှာ X generation ၊ Y generation နဲ့ Z generat-ion ဆိုတာရှိတယ်။ ၁၉၈၀ ကမွေးတဲ့သူ၊ ၁၉၉၀ က မွေးတဲ့သူနဲ့ ၂၀ဝ၀ ပြည့်နှစ်မှာ မွေးတဲ့လူငယ်တွေ က ခရီးအများဆုံးသွားကြတယ်။ လူငယ်တွေသည် ဘယ်လိုပုံစံကြိုက်ကြလဲဆိုတော့ မိသားစုနဲ့သွား ရင် တကယ့် Luxury ဟိုတယ်မှာ တည်းကြ လိမ့်မယ်။ ဒါပေမယ့် သူတို့တစ်ဦးတစ်ယောက်တည်း ခရီးသွားတယ်၊ လေ့လာကြတယ်ဆိုရင်တော့ ကျောပိုးအိတ်နဲ့ ခရီးသွားတဲ့ ပုံစံမျိုး လာကြတယ်။ နိုင်ငံတကာမှာရှိတဲ့ လူငယ်တွေကလည်း ခရီးသွား လာကြမယ်ဆိုရင် ကျောပိုးအိတ်နဲ့ ခရီးသွားတာ တွေ ရှိလာတယ်။ ဟိုတုန်းကတော့ ဟိုတယ်၊ မိုတယ်၊ အင်းနဲ့တည်းခိုခန်းပေါ့။ 

တည်းခိုခန်းဆိုရင်လည်း နိုင်ငံခြားသား တည်းလို့ရတဲ့ တည်းခိုခန်းဆိုပြီး ရှိတယ်။ ပြည်တွင်း ခရီးသွား ဘုရားဖူးတွေသာတည်းလို့ရတဲ့ တည်းခို ခန်းဆိုရင်တော့ ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီက လိုင်စင်ပေးတယ်။ နိုင်ငံခြား သားပါ တည်းလို့ရတဲ့ တည်းခိုခန်း၊ဟိုတယ်၊ မိုတယ်၊ အင်းတို့ဆိုရင်တော့ ဟိုတယ်ခရီးကနေ လိုင်စင်ပေး တယ်။ ဒါပေမဲ့ ဒီနှစ်ခုလုံးကို ကျွန်မစိစစ်တယ်။ စိစစ်တဲ့အခါမှာ အချို့ကကျတော့ ဟိုတယ်ခရီး ကနေ စီမံအုပ်ချုပ်တာမဟုတ်ဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကပဲ ပေးထားတဲ့ တည်းခိုခန်းအဆင့်တွေ ရှိတယ်။ ဒါပေမယ့် အဲဒီ တည်းခိုခန်းတွေမှာ နိုင်ငံခြားသား ဧည့်သည် တည်းလို့မရဘူး။ ပြည်တွင်းဧည့်သည်သာ တည်းလို့ ရမယ်လို့ ဆုံးဖြတ်ထားပေမယ့် လုပ်ငန်းရှင် တော်တော်များများက နိုင်ငံခြားသားတွေကိုပါ ပေးပြီး တည်းခိုနေတာ တွေ့ရတယ်။ 

မေး ။ ။ အဲဒီအတွက် ခရီးသွားလုပ်ငန်းမှာ ဥပဒေနဲ့အညီ တန်ဖိုးနည်းနည်းနဲ့ တည်းခိုနိုင်အောင် ဘယ်လိုစီစဉ်ဆောင်ရွက်ခဲ့ ပါသလဲ။ 

ဖြေ ။ ။ ဒါတွေကို စိစစ်တဲ့အခါ မြို့ထဲမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ဦးရေ ၄၀ ကျော်လောက်ရှိတယ်။ ဒီထက်မက ထပ်တိုးလာနိုင်တဲ့ အခြေအနေလည်း ရှိတယ်။ ဘာကြောင့်ရှိသလဲ ပြန်စိစစ်ကြည့်လိုက်တော့ နိုင်ငံခြားသားတွေက အဆင့်မြင့်တဲ့ ဟိုတယ်မှာ မဟုတ်ဘဲ ဒီလိုမျိုးအဆင်ပြေပြီးတော့ ငွေကြေး ချွေတာတဲ့ ဟိုတယ်တွေမှာပဲ တည်းနေသလဲ ဆိုတော့ ဒါသည် နိုင်ငံတကာခရီးသွားကြတဲ့ လူငယ်တွေရဲ့ ဦးတည်ချက်ဖြစ်နေတယ်။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ကျွန်မသွားတဲ့အခါ ကျောပိုးအိတ်နဲ့ ခရီးသွားသူတွေအတွက်ရော ဘယ်လိုလုပ်ဆောင်သလဲဆိုတာ လေ့လာကြည့် တော့ ထိုင်းနိုင်ငံမှာဆိုရင်လည်း ရှိတယ်။ သူ့ Level အလိုက် ဝင်လာကြတယ်။ ဟောင်ကောင် တို့၊ စင်ကာပူတို့မှာလည်း တစ်ညအိပ် ၁၀ ဒေါ်လာ၊ ၁၅ ဒေါ်လာ စသည်ဖြင့် ဈေးသင့်တော်တာတွေ တွေ့ရတယ်။ 

အခုရန်ကုန်မြို့ထဲမှာဆို အဲဒီလို အခန်းတွေက အများကြီးဖြစ်နေတော့ စည်းမဲ့ကမ်းမဲ့ထားနေတာ ခွင့်မပြုဘဲ ဥပဒေဘောင်ကိုကျော်ပြီး ခိုးလုပ်နေ တာတွေထက်စာရင် တရားဝင်ပေးလုပ်လိုက်ရင် နိုင်ငံတော်လည်း ဘတ်ဂျက်တိုးမယ်။ သူတို့ကို လည်း စည်းကမ်းဘောင်တစ်ခု သတ်မှတ်ပေး လိုက်ရင် ချောင်ချောင်လည်လည်နဲ့ အလုပ်လုပ် နိုင်မယ်။ ကျွန်မတို့ဆီကို ခရီးသွားတွေ ပိုဝင်လာရင် အဆင်ပြေမယ်ဆိုပြီးတော့ ကျွန်မတို့က ပြည် ထောင်စုဝန်ကြီးဆီကို ပြန်လည်တင်ပြပါတယ်။ ခရီးဆောင်အိတ်တစ်လုံးနဲ့လာတဲ့ နိုင်ငံခြားသား တွေ တည်းခိုခန်းတွေမှာ တည်းခိုမယ်ဆိုရင် ဘယ်လို Safety တွေ ပါရမလဲ။ အခန်းအကျယ် အဝန်း၊ အထဲမှာ နေမယ့်ခုတင်အရေအတွက် ဘယ်လောက်အထိထားရမလဲ၊ မီးရေးထင်းရေး ဆိုရင်လည်း မီးငြှိမ်းသတ်မယ့်ပစ်္စည်းတွေ အလွယ် တကူရရှိအောင် ဘယ်လိုထားရမယ်။ ဒီလိုမျိုး ပြန်စိစစ်ပြီးတော့ စည်းကမ်းဥပဒေနဲ့ညီတဲ့ အခန်းတွေကိုဆိုရင် နိုင်ငံခြားသားပါ တည်းခိုနိုင် မယ့် လိုင်စင် ထုတ်ပေးခဲ့တယ်။ ဒါက ရှေးယခင်က မရှိသေးတဲ့ အရာတွေပါ။ အဲဒီအခါ hostel ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဆိုတာ တစ်ခုသပ်သပ် ထွက်လာတယ်။ ဒါကိုလည်း ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်မဟုတ်တော့ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်အဖြစ်သတ်မှတ်ပေးတယ်။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ hostel ဆိုပြီး ပြန်လည်ချပေးခဲ့တယ်။

1

ဒီနေရာမှာမှ ဝန်ကြီးချုပ်ရဲ့ ပေါ်လစီအရ ဈေးတို့ ဘာတို့မှာတော့ ဒီလို hostel မျိုး ဖွင့်တာကို ခွင့်မပြုဖို့ စီစဉ်နေတာရှိတယ်။ ဈေးဆိုတာက မီးလောင်တတ်တယ်။ တည်းခိုခန်း ဆိုတာက ၂၄ နာရီ ဖွင့်ထားရတာ။ ဒါကြောင့် စိတ်မချရဘူးဆိုတဲ့အရာမျိုးတော့ သတ်မှတ်ချက် ချထားလိုက်တယ်။ ဥပဒေအရ ချက်ချင်းပြင်ချင် ပေမယ့် ချက်ချင်း ပြင်လို့မရတာတွေရှိတယ်။ လောလောဆယ်တော့ လိုင်စင်သက်တမ်းပြည့်တဲ့ အထိ ခွင့်ပြုထားရတာတော့ ရှိပါတယ်။ 

Yangon Digital Government 

မေး ။ ။ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေအတွက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရဲ့ လုပ်ဆောင်ချက်တွေကို သိဖို့လုပ်နေတဲ့Yangon Digital Government အကြောင်းလေး သိချင်ပါတယ်။

ဖြေ ။ ။ Yangon Digital Government အခြေအနေက ရန်ကုန်တိုင်း ဝက်ဘ်ဆိုက်ထဲမှာ ကျွန်မတို့ကို မေးခွန်းအနေနဲ့ မေးလို့ရတဲ့ အရာရှိပါတယ်။ ကျွန်မတို့က အလို အလျောက် ပြန်လည်ဖြေကြားပေးတဲ့Software နဲ့ ပြန်လည်ဖြေကြားပေးတယ်။ ဥပမာ- ဘယ်ဌာနရဲ့ ဖုန်းနံပါတ်ကို သိချင်တယ်။ ဆက်သွယ်ချင်တဲ့ လိပ်စာ သိချင်တယ်ဆိုရင် ပြန်လည်ဖြေကြားပေး ပါတယ်။ နောင်များဆိုရင် ကျွန်မတို့ တိုင်ကြားစာ ဌာနနဲ့ တွဲမယ်။ ပြည်သူလူထုက စနစ်တကျ တိုင်လိုက်တယ်။ တိုင်လိုက်တဲ့အရာကို ကျွန်မတို့က ပရင့်ထုတ်ပြီးတော့ သက်ဆိုင်ရာဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဆီကို ဖြေရှင်းဖို့နဲ့ ပြန်လည် အကြောင်းကြားဖို့ ပို့လိုက်မယ်။ အဲဒီလို စီစဉ်နေတယ်။

ကျောက်တံတားရှေ့ပြေးစီမံချက်

မေး ။ ။ ဝန်ကြီးအနေနဲ့ ဘာများဖြည့်စွက် ပြောကြားလိုပါသလဲခင်ဗျာ။

ဖြေ ။ ။ ၂၀၁၉ ခုနှစ်ထဲမှာ ကျွန်မတာဝန်ယူနေရတဲ့ အပိုင်းကတော့ စက်မှုဇုန် ၁၁ ဇုန်ကို ရင်းနှီးမြှုပ်နှံသူတွေလာရင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးဖို့၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ဖို့ရော ကျွန်မတို့ ကရင်တိုင်းရင်းသားတွေရဲ့ စီးပွားရေးကဏ္ဍ ဆောင်ရွက်ပေးဖို့ပါ။ကျွန်မတို့ ကရင်တိုင်းရင်းသား တွေက အဓိက ငါးကန်တွေ လုပ်တယ်။ ဝါးခြံတွေ ရှိတယ်။ စပါးစိုက်ကြတယ်။ ငွေရေးကြေးရေးကဏ္ဍ ထောက်ပံ့မှုရဖို့၊ နည်းပညာထောက်ပံ့မှုရဖို့၊ ဈေးကွက်ရဖို့ ဒီကဏ္ဍသုံးခုကို ကရင်တိုင်းရင်းသား တွေ စီးပွားရေးဖွံ့ဖြိုးမှုရရှိဖို့ ပိုပြီးအာရုံစိုက် ဆောင်ရွက်သွားမယ်။

နောက်တစ်ခုက e-government နဲ့ ပတ်သက်ရင် ပြည်သူလူထုအတွက် ကျောက် တံတားမှာ Pilot Project စဖို့လုပ်နေတယ်။ ဥပမာ- ပြည်သူလူထုကနေပြီးတော့ အမှိုက်ပုံနေ တာတို့၊ ရေပိုက်ပျက်ပြီး လျှံနေတာတို့၊ လျှပ်စစ် ဝိုင်ယာကြိုးတွေ ပျက်နေရင်တို့၊ ယာဉ်အိုယာဉ် ဟောင်းတွေ လမ်းဘေးမှာရှိနေရင် ဓာတ်ပုံရိုက်ပြီး အကြောင်းကြားနိုင်အောင် စီစဉ်နေတယ်။ ပြည်သူက တိုင်ကြားပြီဆိုတာနဲ့ ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ဖို့ အခုလောလောဆယ် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှာ သင်တန်းတွေပေးပြီးပြီ။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်စလုံးကို လုပ်ပေးချင်ပေမယ့် ကျောက်တံတားမြို့နယ်မှာရှေ့ပြေးအနေနဲ့ အရင်စလုပ်ဖို့ စီစဉ်နေပါတယ်။ နောက် e-government နဲ့ပတ်သက်ပြီး ကျန်းမာရေးကဏ္ဍ၊ နောက်စက်မှုဇုန် တွေမှာရှိတဲ့ အလုပ်သမား တွေအတွက် စက်မှုဇုန် မှာရှိနေတဲ့ အလုပ်ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းပြီးDataCenterတစ်ခု လုပ်ဖို့ရှိတယ်။ 

လူငယ်များအတွက်Yangon Innovation Center

ဖေဖော်ဝါရီလကုန်လောက်မှာ လူငယ်တွေ အတွက် Yangon Innovation Center (YIC) ဖွင့်လှစ်သွားဖို့ ရှိတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ အကြံဉာဏ်ကောင်းတွေနဲ့ လာရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ လူငယ်တွေကိုsmart ဖြစ်သွားအောင် ထိန်းပြီးတော့Seedstars အကယ်ဒမီကျောင်း ဖွင့်သွားဖို့ ရှိတယ်။ နိုင်ငံတကာ ပြိုင်ပွဲတွေ၊ စက်ရုပ်ပြိုင်ပွဲတွေ၊ နည်းပညာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေ အကုန်လုံးကိုYangon Innovation Center မှာ ကျင်းပ သွားမယ်။ အခြားနိုင်ငံတွေမှာ ရှိပြီးပြီ။ လူငယ်တွေ အနေနဲ့ Seedstars အကယ်ဒမီကနေ ဆင်းသွားရင် ကိုယ်ပိုင်စီးပွားရေးကို လုပ်တတ်သွားမယ်။ ကိုယ်ပိုင်စီးပွားရေးကိုလုပ်တတ်သွားရင် သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသစ်တွေ ထွက်လာ မယ်။ အဲဒီအတွက် လိုအပ်တဲ့ ငွေကြေးအထောက် အပံ့တွေကို ကျွန်မတို့ Yangon Innovation Center ကနေပြီးတော့ နိုင်ငံတကာနည်းပညာ ကုမ်္ပဏီတွေကနေ အရင်းအနှီးထုတ်ပေးတာမျိုး၊ ချိတ်ဆက်ပေးတာမျိုးကို ဆောင်ရွက်သွားမယ်။ ဒါကြောင့် ၂၀၁၉ ထဲမှာ လူငယ်တွေအတွက်Yangon Innovation Center ပေါ်လာမယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးတက်လာသည့် ဟိုတယ်လုပ်ငန်း

Hostel ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတယ်။ နောက် ဟိုတယ်ခရီးနဲ့ပတ်သက်ပြီးHotel Guest List Management ထွက်လာတယ်။ အဲဒါ ကြောင့် နှစ်စဉ် သိန်းလေးသောင်းလောက် ဟိုတယ်လုပ်ငန်း လုပ်နေတဲ့သူတွေ သက်သာ သွားတယ်။ အရင်တုန်းကဆို ရန်ကုန်တိုင်းမှာရှိတဲ့ ဟိုတယ်တွေက ဌာနကြီး ကိုးခုကို မိတ္တူကိုးစုံဆွဲပြီး လူကိုယ်တိုင် လိုက်တွေ့ရတယ်။ အခုကျတော့ ည ၁၁ နာရီလောက်ဆို ပို့လိုက်ရင် အကုန် ရောက်သွားရော။ နောက် လိုင်စင်သက်တမ်းကို လည်းQR ကုတ် System လုပ်လိုက်တယ်။ သက်တမ်း ပြည့်သွားရင် အလိုလိုသိတယ်ပေါ့။ ဒါတွေက e-government နဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေပါ။ 

2

ရန်ကုန်တိုင်းကိုယ်စားပြုလာဘ်ကောင်

အခု ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားပြုလာဘ်ကောင် (Yangon Mascots) ထွက်လာပြီ။ ဒါကို မြင်လိုက်တာနဲ့ ဒီချစ်စရာ အရုပ်ကလေးတွေသည် ရန်ကုန်ရဲ့ နှလုံးသား လာဘ်ကောင်လို့ သိသွားမယ်။ မြို့တော်ခန်းမရှေ့နဲ့ အခြားထင်ရှားတဲ့ နေရာတွေမှာ အဲဒီအရုပ်လေးတွေ ထောင်သွားမယ်။ 

ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ။