“YOUR SOCIAL MEDIA 2019” စာအုပ် ထုတ်လုပ်ဖြန့်ချိခဲ့သည့် နေခြည်ဦး

၂၈ နိုဝင်ဘာ

 

Beauty Blogger တစ်ယောက်အဖြစ်နှင့် အနုပညာလောကထဲကို ထိုးဖောက်ဝင် ရောက်လာခဲ့ပြီး ယနေ့ချိန်တွင် နိုင်ငံကျော်မင်းသမီးများနှင့်အတူ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေသူမှာ နေခြည်ဦးဖြစ်သည်။

 

သူက “ကိုယ်တိုင်က အလှအပကို မြတ်နိုးတတ်တော့ ပရိသတ်တွေအပေါ်မှာလည်း စေတနာအပြည့်ထားပြီး အလှအပရေးရာ အသိအမြင်တွေကို လမ်းညွှန်ပေးနေတတ်တဲ့ နေခြည်အနေနဲ့ ပရိသတ်တွေအတွက် Product အသစ်တစ်ခုကို ထုတ်လုပ်နေပါတယ်။ အထူးသဖြင့် နေခြည်ကို အားပေးတဲ့ပရိသတ်ပေါ့နော်။ သူတို့က ချစ်စနိုးနဲ့ ချီချီဆိုပြီးအဖျားဆွတ်ခေါ်ကြတယ်။

 

အဲဒီပရိသတ်တွေက မိန်းကလေးတွေ ဖြစ်နေသလို များလည်းများတာမို့ သူတို့အတွက်ဆိုပြီး ဒီလ ၁၅ ရက် မှာပဲ ပရိသတ်တွေကို အသစ်ထွက်ရှိ လာမယ့် ပထမဆုံး Product တစ်ခုကို ရင်ခုန်စွာစောင့်မျှော်ပေးဖို့ ပြောခဲ့ပါတယ်။ ညဘက်မှာတော့ ပရိသတ်နဲ့စတင် မိတ်ဆက်ခဲ့တာပါ။ပရိသတ်တွေ လုံးဝမမျှော်လင့်ထားတဲ့ Product ကို Your Social Media BFF 2019 Year Planner လို့ အမည်ပေးထားပါတယ်” ဟု ပြောသည်။

 

အဆိုပါ Product ကို နှစ်တစ်နှစ်လုံးတွင် သူနှင့်အတူ နေ့ရက်တိုင်းကို စနစ်တကျနှင့် ဖြတ်သန်းစေရန် ရည်ရွယ်ကာ ထုတ်လုပ်ထားသည်ဟုသိရပြီး ယင်း Product အတွက် Pre-order များကို ၁၅၅၀ဝ ကျပ်နဲ့ မှာယူရရှိနိုင်အောင် ဈေးနှုန်းကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။ “ဒီ Give Away Alert အဖြစ် Your Social Media BFF 2019 ခုနှစ် Planner စာအုပ်ကို Pre-order မှာယူကြတဲ့သူတွေအနေနဲ့ အထူးအစီအစဉ်အဖြစ် Pre-order မှာသူတွေထဲက ကံထူးရှင် နှစ်ဦးကို ရွေးချယ်ပြီးတော့ ချီချီ ကိုယ်တိုင် ရေးသားထားတဲ့မိတ်ဆက်စာနဲ့ ဆိုင်းထိုးထားပေးတဲ့ Your Social Media BFF 2019 Year Planner စာအုပ်လေးတွေကို Give Away Winner နှစ်ဦးကို ပေးမှာ ဖြစ်ပါတယ်။ ချီချီရဲ့ Give Away Winner အဖြစ် ပါဝင်လိုသူတွေအနေနဲ့ Pre-order Coupon လေးကို ဓာတ်ပုံရိုက်ပြီး ချီချီတင်ထားတဲ့ Post ရဲ့အောက်မှာ Photo Comment ပေးခဲ့ရမှာပါ။ နိုဝင်ဘာ ၂၆ ရက်နောက်ဆုံးထားပြီး Comment ပေးရမှာဖြစ်ပါတယ်။ပါဝင်ကံစမ်းတဲ့သူတိုင်းက Beauty bynaychilabel ရဲ့ Commerical Video bit.ly/2PLJMgG ကိုလည်း Public နဲ့ Share ထားဖို့လည်း လိုတယ်” ဟု ပြောသည်။ 

 

ကိုလင်း