နေပြည်တော်    အောက်တိုဘာ     ၁၅

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး  Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို   ဆန်းသစ်တင်ဆက်လျက်ရှိရာ  ရုရှား - ဘယ်လာရုစ်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်မှုကို   အောက်တိုဘာ ၁၇ ရက် (သောကြာနေ့)  ည ၉ နာရီခန့်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင်  ဘယ်လာရုစ်နိုင်ငံမှ တေးဂီတပညာရှင်များဖြစ်ကြသည့် Mr. Vladimir Sukolinsky၊ Ms. Nadezhda Bryleva၊ Ms. Anzhenik Aaitseva တို့က  ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ထင်ရှားကျော်ကြားသည့် တေးသီချင်းများအပြင် မြန်မာတေးသီချင်းများ အပါအဝင် မြန်မာနိုင်ငံ၏ သာယာလှပပုံနှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် စိတ်ခွန်အားမြှင့်တင်ပေးနိုင်မည့် တေးသီချင်းများ သီဆိုဖျော်ဖြေမှုနှင့်အတူ ရုရှားသံရုံးမှ ဝန်ထမ်းများ၏ အက၊ အလှများနှင့် ပေါင်းစပ်ပြီး ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် အောက်တိုဘာ ၁၉ ရက်   (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်