နေပြည်တော် အောက်တိုဘာ ၁၈
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် (အဆင့်မြင့်ပညာအဆင့်) ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ၊ (အဆင့်မြင့် ပညာအဆင့်) အရေးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) စောင်းအတီးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုရရှိကြသူများကို ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန် ရှိသူများက ဘာသာရပ်အလိုက် နိုင်ငံတော်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် တိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းနောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နိုင်ငံတော် အဆင့်ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင်များ၏ အဆို၊ အက၊ အတီးများဖြင့် ပြန်လည်သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ဝိပဿနာကမ္မဋ္ဌာန်းရိပ်သာသို့ သွားရောက်ပြီး သီတဂူ ကမ္ဘာ့တက္ကသိုလ် များ၏ အဓိပတိဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စူဠာမဏိကောင်းမှုတော် စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံ တည်ဆောက်နေမှု၊ စစ်ကိုင်းတောင်ရိုး ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည် ပြုပြင်မွမ်းမံနေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြုပြင်ပြီးစီးမှု၊ စစ်ကိုင်းမြို့ရှိ မဟိယင်္ဂဏစေတီတော် မြတ်ကြီးနှင့် စေတီလှစေတီတော် မြတ်ကြီး အသစ်ပြန်လည်မွမ်းမံတည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


