တနင်္သာရီ ၁၅ မတ်
၂ဝ၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အတွဲ(၂) သမိုင်းဘာသာရပ်တွင် တနင်္သာရီမြို့နယ်၌ စာစစ်ဌာန(၂)ခုတို့မှ ကျောင်းသူ/ကျောင်းသား (၅၁)ဦးက မတ် ၁၅ ရက် နံနက် ၉ နာရီ အချိန်မှစ၍ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ အတွဲ(၂) ပထဝီဝင်ဘာသာ၌ အထက-တနင်္သာရီတွင် စာရင်းရှိကျောင်းသား/ ကျောင်းသူ(၁၅)ဦး၊ ဖြေဆိုသူ(၁၅)ဦး၊ (ပျက်ကွက်မရှိ)၊ အထက-တကူတွင် စာရင်းရှိ(၄၁)ဦးရှိပြီး၊ ဖြေဆိုသူ(၃၆)ဦး၊ ပျက်ကွက်(၅)ဦး ရှိသည်။
မြို့နယ်ချုပ်စာရင်းအရဖြေဆိုရန် စာရင်းမှာ(၅၆)ဦးရှိပြီး ယနေ့လာရောက်ဖြေဆိုသူ (၅၁) ဦး ဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၁ ဒသမ ဝ၇)ဖြစ်ပြီး၊ ပျက်ကွက်သူမှာ(၅)ဦးရှိသဖြင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၈ ဒသမ ၉၃)ဖြစ်ကာ ထူးခြားဖြစ်စဉ် တစ်စုံတစ်ရာ မရှိဘဲ အေးချမ်းစွာဖြေဆိုပြီး ဖြစ်ကြောင်းနှင့် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတို့မှအတွဲ(၁)၊အတွဲ(၂)နှင့် အတွဲ(၇)တို့မှ ဖြေဆိုသူကျောင်းသား(၅၅၅)ဦး၊ ကျောင်းသူ(၁၁၆၁)ဦး၊ စုစစုပေါင်း(၁၇၁၆)ဦး တို့၏ ဘာသာရပ်စုံ အဖြေလွှာများအား မြို့နယ်ပညာရေးမှူးဦးခိုင်ထွန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယုတို့က မတ်လ(၁၆) ရက်နေ့မှစ၍ မော်လမြိုင်တက္ကသိုလ်သို့ ကိုယ်တိုင်သွားရောက် ပို့ဆောင်ပေးကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


