ပုသိမ် နိုဝင်ဘာ ၁
၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာသာမက ကျန်းမာကြံ့ခိုင်ပြီး ထူးချွနထက်မြက်သည့် အားကစားသမားများကိုလည်း မွေးထုတ်ပေးရမည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသောနိုင်ငံ့သား ကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်ပြီး တိုင်းဒေသကြီးအဆင့် ရှစ်ခရိုင် (က)အုပ်စုအသင်းလေးသင်းနှင့် (ခ)အုပ်စုအသင်း ခြောက်သင်း စုစုပေါင်း ၁၀ သင်းဖြင့် ဘင်ခရာပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကာ ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေ ပေးအပ်ကာ ပြိုင်ပွဲဝင်ဘင်ခရာ အသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


