ငါးသိုင်းချောင်း ၁၄   မတ်  


(၇၄)နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ မတ်လ ၁၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါ ရုံးပြည်သူ့စာကြည့်တိုက်ရှိ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၊ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ထူးချွန်ထင်ရှားကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်များ၏အထ္ထုပ္ပတိများ၊ သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး မြို့ပေါ်ရှိ စာပေဝါသနာရှင်ပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


စိုးမင်းဦး(ပြန်/ဆက်)