နေပြည်တော်   ဇန်နဝါရီ  

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်   (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ   ပွဲစဉ်များနှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် နာရီမှ စတင်ကာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ရှိ လေ့ကျင့်ရေးကွင်းအမှတ်()နှင့် ()တို့၌ ကျင်းပသည်။

ကြည့်ရှုအားပေး

ပြိုင်ပွဲ ပွဲစဉ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဝန်ကြီးဌာနများမှ   အရာထမ်း၊   အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

လေ့ကျင့်ရေးကွင်း အမှတ်() ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို ၃၉ မှတ် - မှတ်ဖြင့် လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို အမှတ် ၄၀ - မှတ်ဖြင့်လည်း ကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာန  အသင်းကို ၁၈ မှတ် - မှတ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို ၃၃ မှတ် - မှတ်ဖြင့် လည်းကောင်း၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းကို   ၁၆   မှတ်ပြတ်ဖြင့်လည်းကောင်း   ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အလားတူ   လေ့ကျင့်ရေးကွင်း အမှတ်()  ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ  ပွဲစဉ်များ  ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲ - တစ်ပွဲဖြင့်လည်းကောင်း၊  သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ - တစ်ပွဲဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို   နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ  ပွဲစဉ် ယှဉ်ပြိုင်ကစားရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်  လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊   ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊  နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက တရားလွှတ်တော်ချုပ်ရုံးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

ဆက်လက်ယှဉ်ပြိုင်မည်

ဇန်နဝါရီ ရက် နံနက် နာရီမှ စတင်ကာ   ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်() ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ်   နယ်စပ် ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းနှင့်  ပြည်ထဲရေးဝန်ကြီးဌာန အသင်း၊သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့်   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့  ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထို့အတူ    လေ့ကျင့်ရေးကွင်း အမှတ်()  နံနက်   နာရီမှစတင်ကာ   ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ်    ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနအသင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့်   ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊   လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ   ရှုံးထွက်ပွဲစဉ်များအဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းနှင့် ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့အသင်းနှင့်  ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။  

သတင်းစဉ်