၂၈ အောက်တိုဘာ

 

 

ပြီးခဲ့သည့် စက်တင်ဘာလက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ ပဏာမရလဒ်များကို နိုဝင်ဘာလလယ်တွင် ကြေညာမည် ဟု အာဖဂန်ရွေးကောက်ပွဲ အာဏာပိုင်များက ဆိုသည်။

 

 

မဲရလဒ်များ ထုတ်ပြန်ကြေညာရာတွင် နှောင့်နှေးကြန့်ကြာမှု ရှိနိုင်ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့က ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

 

 

ဆန္ဒမဲပေးသူ လိမ်လည်မှု ကာကွယ်ရန် ဘိုင်အိုမက်ထရစ် နည်းပညာ မှတ်ပုံတင်စနစ်ဖြင့် မဲပေးခြင်းကို စတင်ပြုလုပ်ခဲ့သည့်အတွက် နည်းပညာ အခက်အခဲများ ဖြစ်နိုင်ချေရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကိုးကားဖော်ပြခဲ့သည်။

 

 

နိုဝင်ဘာ ၁၄ ရက်နေ့တွင် မဲရလဒ်များကို ကြေညာမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

လက်ရှိသမ္မတ အာရှတ်ဖ် ဂါနီ အပါအဝင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၁၀ ဦးအထက်ရှိကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို