၇ နိုဝင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေရေး လုပ်ဆောင်နေစဉ် အမျိုးသမီးဝတ်စုံ ဝတ်ဆင်ကာ ရုပ်ဖျက်ထားသော အိုင်အက်စ် စစ်သွေးကြွ လေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်အစိုးရက ယနေ့ပြောကြားခဲ့သည်။
အိုင်အက်စ် တိုက်ခိုက်ရေး သမားများရှိရာ နယ်မြေကို ရှင်းလင်းရန် ရှာဖွေရေး လုပ်ဆောင်ခဲ့သည့် အာချင်ခရိုင်တွင် ယမန်နေ့ နှောင်းပိုင်းက ထိုအိုင်အက်စ် လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် အစိုးရက ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူများသည် အိုင်အက်စ် စစ်သွေးကြွအုပ်စုနှင့် ဆက်နွှယ်မှု ရှိသည်ဟု ဝန်ခံပြောကြားခဲ့သည်။
အစိုးရ ဆန့်ကျင်သည့် စစ်သွေးကြွများသည် အာဖဂန်စစ်ပွဲ ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ လုံခြုံရေး တပ်ဖွဲ့များလက်မှ လွတ်မြောက်ရန် အမျိုးသမီးများ၏ အဝတ်အစားကို ပုံမှန် ဝတ်ဆင်လေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


