ရန်ကုန် ဇူလိုင် ၁၃
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဇူလိုင် ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 (Southeast Asia) Mixed Team & Individual Event ပြိုင်ပွဲ၌ မြန်မာကြက်တောင် လူငယ်လက်ရွေးစင်အသင်းသည် ပြိုင်ပွဲအပြီး ရွှေ ၁၂ခု၊ ငွေသုံးခု၊ ကြေးရှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာကြက်တောင် လူငယ်လက်ရွေးစင် များသည် အသင်းလိုက် U-15၊U-17၊U-23 တို့တွင် ရွှေတစ်ခုစီ၊ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသမီးနှစ်ယောက် တွဲ၊ အမျိုးသားနှစ်ယေက်တွဲ၊ အမျိုးသား+အမျိုးသမီး ပြိုင်ပွဲများတွင် ရွှေကိုးခု၊ ငွေသုံးခု၊ ကြေးရှစ်ခုရရှိခဲ့ပြီး စုစုပေါင်း ရွှေ ၁၂ ခု ရရှိခဲ့သည်။
မြန်မာကြက်တောင်လူငယ်လက်ရွေးစင်များအသင်းတွင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ အုပ်ချုပ်၊ နည်းပြနှင့် လူငယ်လက်ရွေးစင်ကစားသမား အမျိုးသား ခြောက်ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၁၅ ဦးတို့သည် ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(မြန်မာ့အလင်း)


