၂၁ နိုဝင်ဘာ

အစ္စရေးအတိုက်အခံခေါင်းဆောင်က ညွန့်ပေါင်းအစိုးရ တစ်ရပ်မဖွဲ့နိုင်သဖြင့် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်တော့မည် ဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့မဖွဲ့နိုင်ခဲ့ကြောင်း ကို အကြီးမားဆုံးသော အတိုက်အခံ Blue and White ပါတီ၏ ခေါင်းဆောင် ဘန်နီ ဂန့်ဇ် က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

သမ္မတရုံး၏တောင်းဆိုချက်အရ ညွန့်ပေါင်းဆွေးနွေးပွဲကို ဂန့်ဇ် က ဦးဆောင်ခဲ့သည်။

စက်တင်ဘာ အထွေထွေရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်  ဘင်ဂျမင်နေတန်ယာဟု သည် ညွန့်ပေါင်းအဖွဲ့တစ်ရပ် ဖွဲ့စည်းရန်ပထမဆုံး စတင်ဆောင်ရွက်ခဲ့သော်လည်း ပါလီမန်အမတ်နေရာအများစုကို မရရှိခဲ့ပေ။

အစ္စရေး ပါလီမန်သည် ညွန့်ပေါင်းအစိုးရဖွဲ့ရေး ကြိုးစားရန် သတ်မှတ်ရက် ၂၁ ရက် အချိန်ရရှိခဲ့ကာ လွှတ်တော်အမတ်များ အောင်မြင်မှုမရရှိခဲ့ပါက ယခုနှစ်တွင် တတိယမြောက် ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်သည်။

အစ္စရေးနိုင်ငံသည် တတိယမြောက်ရွေးကောက်ပွဲကို တစ်နှစ်အတွင်း မကြုံစဖူးကျင်းပရန် ပိုမို ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အစ္စရေးမီဒီယာက ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို