ဂျေရုဆလင် အောက်တိုဘာ ၂

အစ္စရေးတပ်မတော်သည် ဂါဇာမြို့တော်အား သိမ်းပိုက်ရန်အတွက် ချဉ်းကပ်လာနေပြီး ဟားမတ်စ်အဖွဲ့ကို ချေမှုန်းရေးအတွက် ဆောင်ရွက်နေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်က ယမန်နေ့တွင် ပြောကြားသည်။

လက်ရှိအချိန်တွင် နာဇရန်စင်္ကြံအား အစ္စရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။   ၎င်းစင်္ကြံသည် ဂါဇာဒေသအလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ ကြားခံဇုန်တစ်ခုဖြစ်ကာ အဆိုပါစင်္ကြံကို သိမ်းပိုက်ရရှိခြင်းဖြင့် ဂါဇာမြို့တော်နှင့် ဂါဇာဒေသမြောက်ပိုင်းတို့ကို ကျန်ရှိသည့် ဂါဇာဒေသတစ်ခုလုံးနှင့် ဆက်သွယ်ရေးဖြတ်တောက်နိုင်ခဲ့ကြောင်း  အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ဂါဇာဒေသခံများအနေဖြင့် ဂါဇာမြို့တော်မှ အမြန်ဆုံးစွန့်ခွာခြင်းဖြင့် ဂါဇာမြို့တော်တွင် ဟားမတ်စ် အဖွဲ့ဝင်များသာ ကျန်ရှိမည်ဖြစ်ကာ  အစ္စရေးတပ်မတော်က ချေမှုန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ဂါဇာမြို့တော်၌ ကျန်ရှိနေသူများမှာ ဟားမတ်စ်ကို အားပေးသူများသာဖြစ်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ ယနေ့အစောပိုင်းတွင် အစ္စရေးတပ်မတော်က  ဂါဇာမြို့တော်အား  မြေပြင်စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ ဟားမတ်စ်အဖွဲ့ဝင်အများအပြား သေဆုံးကြောင်း သိရသည်။  

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ