နေပြည်တော်   ၆   အောက်တိုဘာ 


မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီခွဲက အောင်မြေသာစံမြိုနယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ မန္တလေး-ရွှေကျင်ကားလမ်းတွင် မျိုးတင့်(ခ)ဦးဇုံနှင့် ဝသန်ထက်(ခ)အပုလေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီး၊ တောင်ကြီး-အောင်ပန်းကားလမ်း၊ လမ်းဘေးဇရပ်အတွင်း၌ ကိုထွေး(ခ)ခွန်မောင်ထွေးနှင့် ဦးယွမ်းတို့အားတွေ့ရှိ၍ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို လည်းကောင်း၊ 

 

ထို့အတူ ညနေ ၆ နာရီတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ နောင်ပဲတံတားအနီး၊ တောင်ကြီး-မိုင်းပျဉ်းကားလမ်းတွင် ဇင်ကိုဦး(ခ)စိုင်းကို မောင်းနှင်ပြီး အိုက်ဦး(ခ)ကိုဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၁၅၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN