၉ အောက်တိုဘာ

 

 

အီကွေဒေါနိုင်ငံမှာ သမ္မတ လီနင် မိုရန်နို အစိုးရက လောင်စာဆီကို အစိုးရက စိုက်ထုတ်ဝယ်ယူခြင်း (subsidies) ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖျက်သိမ်းပြီးနောက် လောင်စာဆီဈေးနှုန်း မြှင့်တက်လာတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ အင်္ဂါနေ့မှာတော့ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦထဲကို ချိုးဖျက်ဝင်ရောက်ခဲ့ပါတယ်။

 

1

 

 

 

ဆန္ဒပြသူ အများစုဟာ တိုင်းရင်းမျိုးနွယ် အမျိူးသားတွေဖြစ်ပြီး သူတို့လက်ထဲမှာ တုတ်တွေ၊ ကြာပွတ်တွေ ကိုင်ဆောင်ပြီး လုံခြုံရေး အတားအဆီးတွေကို ဖျက်ပြီး ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အစည်းအဝေး ခန်းမထဲ ရောက်ပြီး မကြာခင်မှာပဲ လုံခြုံရေး တပ်ဖွဲ့တွေက ဖယ်ရှားနိုင်ခဲ့ပါတယ်။

 

1

 

 

 

အဲဒီလို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ အစိုးရ အဆောက်အအုံများ အနီးမှာ ညပိုင်းစစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

 

 

1

 

 

သမ္မတ မိုရန်နိုက ဆန္ဒပြပွဲတွေကို ပြီးဆုံးအောင် ပြီးခဲ့တဲ့ သီတင်းပတ်က အရေးပေါ် အခြေအနေကို ကြေညာခဲ့ပေမယ့် တိုင်းရင်းမျိုးနွယ်အုပ်စုတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေက ပြီးဆုံးသွားခြင်း မရှိပါဘူး။

 

 

ဆန္ဒပြပွဲတွေကြောင့် မိုရန်နိုရဲ့ အစိုးရအဖွဲ့က မြို့တော်ကနေ ထွက်ခွာခဲ့ပါတယ်။ တိုင်းရင်းမျိုးနွယ် အုပ်စုတွေရဲ့ ဆန္ဒပြမှုကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက သမ္မတသုံးဦး ရာထူးမှ နှုတ်ထွက်ခဲ့ရပါတယ်။

 

 

MDN

ကိုးကား - AFP