တီဟီရန် ဇန်နဝါရီ ၂

 

အီရန်နိုင်ငံအတွင်း ကုန်ဈေးနှုန်းများမြင့်တက်မှုနှင့် အခြားစီးပွားရေး မပြေလည်မှုများကြောင့် ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့သည်။

 

ယမန်နေ့က ဆန္ဒထုတ်ဖော်သူများနှင့် ရဲအရာရှိများအကြား ထိပ်တိုက်တွေ့မှုကြောင့် ဆန္ဒထုတ်ဖော်သူ သုံးဦးသေဆုံးခဲ့သည်။

 

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်၏ ငွေကြေးတန်ဖိုးသည် ကျဆင်းသွားခဲ့သည်။

 

နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုသည် နိုဝင်ဘာလတွင် ၄၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာခဲ့သည်။

 

စတိုးဆိုင်ပိုင်ရှင်များအပါအဝင် ပြည်သူများက မြို့တော်တီဟီရန်ရှိ လမ်းမများပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

ယခုဆန္ဒထုတ်ဖော်မှုသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အီရန်တွင် အကြီးမားဆုံး ဆန္ဒပြမှုများဖြစ်ကြောင်း အေပီသတင်းအေဂျင်စီက ပြောကြားခဲ့သည်။

 

ဆူပူအုံကြွမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုအဖြစ် စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် အစိုးရက လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်သူများက မီးမောင်းထိုးပြခြင်းဖြစ်သည်။ သို့သော် ဆန္ဒထုတ်ဖော်မှုများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်