၃၁ အောက်တိုဘာ
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ ယခုလအတွင်း သေဆုံးသူဦးရေပေါင်း ၂၅၀ ကျော် ရှိပြီဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အီရတ်အဆင့်မြင့် ကော်မရှင်က ဆိုသည်။
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက် မြို့လယ်ရင်ပြင်တွင် ထောင်ချီရှိသောလူများ ယမန်နေ့က စုဝေးခဲ့ကြသည်။
အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများသည် ယခုလအစောပိုင်းက စတင်ခဲ့ပြီး အီရတ်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာမှုနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ညံ့ဖျင်းမှုအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုဆန္ဒပြပွဲများသည် ပြီးခဲ့သည့် သီတင်းပတ်က အီရတ်နိုင်ငံအနှံ့ ပျံ့နှံ့ခဲ့ပြီး အရှိန်အဟုန်မြင့် လုပ်ဆောင်ခဲ့ကြသည်။
ကနဦး၌ ဆန္ဒပြပွဲများကို အလုပ်အကိုင်ရှာဖွေသည့်လူငယ်များက အဓိက စီစဉ်ခဲ့ကြသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုနေသော အခြားသူများကို ၎င်းတို့က စည်းရုံးခဲ့ကြသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


