၃၁ အောက်တိုဘာ

 

 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး အနီးတစ်ဝိုက်တွင် ယမန်နေ့ညပိုင်းက မော်တာကျည်နှစ်ခု ကျရောက်ခဲ့ကြောင်း အီရတ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။

 

 

1

 

 

ထိခိုက်သေဆုံး ဒဏ်ရာရသူများနှင့် ပတ်သက်၍ ချက်ချင်း သတင်းထုတ်ပြန်မှု မရှိသေးကြောင်း ၎င်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

 

 

အီရတ်ပြည်သူ့စစ်များသည် အမေရိကန်သံရုံးနှင့် အီရတ်အစိုးရရုံးများ တည်ရှိရာ အစိမ်းရောင် နယ်မြေကို မကြာခဏ ပစ်မှတ်ထားခဲ့ကြသည်။

 

 

အလုပ်အကိုင် အခွင့်အရေးများနှင့် ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး၊ အကျင့်ပျက်သော အရာရှိများ၏ တာဝန်ခံမှုနှင့် ပြည့်စုံသော ပြုပြင်ပြောင်းလဲမှုတို့ကို တောင်းဆိုကြသော အီရတ်နိုင်ငံအနှံ့  ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေမှုအကြား ယင်းသို့ တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို