လှည်းကူး အောက်တိုဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ် အထက (ဖောင်ကြီး)၌ ကျင်းပသည်။

 

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့က လူငယ်နှင့် စည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လှက အားကစားနှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာ ပေးဟောပြောသည်။

 

ထို့နောက် လူငယ်စကားဝိုင်း၊ စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)