၂၅ အောက်တိုဘာ

 

လက်တင်အမေရိကနိုင်ငံတွေအနီးမှာ စီးဆင်းနေသော အမေဇုံ မြစ်အတွင်းမှာ နေထိုင်ကျက်စားတဲ့ လင်းပိုင်တွေဟာ စိုးရိမ်စရာဖြစ်လာတာဟာ  မြစ်အတွင်းက ဥပဒေမဲ့ ရွှေထုတ်လုပ်ယူနေတဲ့အတွက်ဖြစ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးသမားတွေက ပြောပါတယ်။

 

ဘရားဇီး၊ ဘိုလီးဗီးယား၊ ကိုလံဗီယာ နဲ့ ပီရူးနိုင်ငံ ဝန်းကျင်မှာ နေထိုင်ကျက်စားတဲ့ ပုလင်းပုံနှာခေါင်းရှည် လင်းပိုင်တွေအတွက် ပြဒါးဓါတ်ပါဝင်နှုန်းများဟာ ၄၆ ရာခိုင်းနှုန်းအထိ ရှိလာတဲ့အတွက် စိုးရိမ်းစရာ ဖြစ်လာပါတယ်။

 

1

 

အဲဒီလို ပြဒါးဓါတ်တွေများ ပါလာတာဟာ ကိုလံဗီယာနဲ့ ဗင်နီဇွဲလားကို ဖြတ်သန်းစီးတဲ့ အိုရန်နိုကို မြစ်ထဲမှာ ရွှေနဲ့ တခြားသတ္တုတွေကို ကွဲပြားသွားစေရန် ရွှေကျင်ရာတွင် ပြဒါးကို အသုံးပြုပြီး ဥပဒေမဲ့ ရွှေကျင်တဲ့လုပ်ငန်းတွေကြောင့်လို့ ဆိုပါတယ်။

 

အမေဇုံအတွင်းမှာ ပြဒါးဓါတ်ဟာ သဘာဝအတိုင်း ရှိနေခဲ့ပါတယ်။ အမေဇုံမိုးသစ်တောပြုန်းတီးခြင်းနဲ့ တောမီးလောင်ခြင်း တို့ကြောင့် ပြဒါးဓါတ်တွေဟာ မြစ်အတွင်းရှိ လင်းပိုင်နဲ့ ငါးတွေရဲ့ အစာထဲကို လျောကျခဲ့လည်း ဖြစ်တယ်လို့ World Wide Fund for Natureက မာဆိုလို အိုလီဗီယား က ပြောပါတယ်။

 

ရေထဲမှာပြဒါးပါတဲ့အတွက် လင်းပိုင်တွေ အတွက်တင် စိုးရိမ်စရာရှိတာ မဟုတ်ဘဲ  ပြဒါးဓါတ်ပါတဲ့ ငါးတွေကို စားသုံးရမယ့် အမေဇုံဒေသအတွင်း နေထိုင်သူ သန်း၂၀ သော ဌာနေတွေအတွက်ပါ စိုးရိမ်စရာဖြစ်လာပါတယ်။

 

MDN

ကိုးကား - AFP