၃၁ အောက်တိုဘာ

 

 

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ ဆင်ခြေဖုံးရှိ တိုက်ခန်းတစ်ခန်း အထဲသို့ ယမန်နေ့ မနက်ပိုင်းက လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ နှစ်ဦးသေဆုံးခဲ့သည် ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် DeKalb-Peachtree လေဆိပ်မှ ပျံသန်းထွက်ခွာပြီး မကြာမီ  ပီပါ ပီအေ-၂၈ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ကြောင်း ဖက်ဒရယ်လေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ပြောကြားချက်အရ သိရသည်။

 

 

လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှင့် ခရီးသည်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း မီးသတ်ဌာနက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

အဆိုပါ တိုက်ခန်းသို့ လေယာဉ်ပျက်ကျချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 

 

အမျိုးသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဘုတ် အဖွဲ့က ထိုလေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြထားသည်။

 

 

DeKalb-Peachtree လေဆိပ်သည် အတ္တလန္တာမြို့လယ်၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ အကွာတွင် တည်ရှိကြောင်းနှင့် ယင်းနေရာတွင် ယမန်နေ့မနက်ပိုင်းက မြူဆိုင်းနေကြောင်း  သတင်းများအရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို