ကိယက်ဗ် ၆ အောက်တိုဘာ
ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံတို့သည် ယူကရိန်းနိုင်ငံမြောက်ပိုင်း ဇီတိုမြာ မြို့တွင် ကျင်းပသည့် နှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ခုအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်ဟု ယူကရိန်း သမ္မတ ဗိုလိုဒီမြာဇီလန်စကီးက ပြောကြားခဲ့သည်။
ဒုတိယအကြိမ်မြောက် ယူကရိန်း နှင့် ဘီလာရုစ်ဒေသများဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် တွင် ဖွင့်လှစ်ခဲ့ပြီး ဘီလာရုစ်နိုင်ငံမှ ဒေသခြောက်ခုနှင့် ယူကရိန်းနိုင်ငံမှ ဒေသ ၂၂ ခုမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ယူကရိန်း-ဘီလာရုစ် ဆက်ဆံရေးမှာ ဒေသ ဆိုင်ရာအဆင့်တွင် ပုဂ္ဂလိကကဏ္ဍ၌ ခိုင်မာအားကောင်းလာခဲ့ကြောင်း၊ ထိုသို့သော ဆွေးနွေးမှုမျိုးက နှစ်နိုင်ငံကြား မိတ်ဖက်ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် - ကျော်ထိုက်စိုး


