ဝါရှင်တန် ဧပြီ ၂၈

 

အမေရိကန် ဒုတိယသမ္မတ ကာမလာတားရစ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်က ဧပြီ ၂၆ ရက်က ကြေညာလိုက်သည်။

 

ဒုတိယသမ္မတသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အနီးကပ် ဆက်သွယ်ခြင်းမရှိကြောင်း ဟောရစ်၏ ပြန်ကြားရေး တာဝန်ခံကပြောကြားလိုက်သည်။

 

ဟားရစ်သည် ဝါရှင်တန်မှ တစ်ပတ်ကြာ တနင်္လာနေ့အထိ ဒုတိယသမ္မတ၌ ကိုဗစ်-၁၉  ရောဂါလက္ခဏာများ မတွေ့ရကြောင်း ဖော်ပြထားပြီး လတ်တလောတွင် နေအိမ်မှ အလုပ်လုပ်မည်ဖြစ်သည်။

 

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ယခုနှစ် ဇန်နဝါရီလက ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့အတူ ဟားရစ်၏ ခင်ပွန်းသည် ဒေါက်အမ်ဟော့ခ်သည်လည်း မတ်လက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခဲ့သည်။

 

အင်န်အိတ်ချ်ကေ