၁၄ နိုဝင်ဘာ
ဘိုလီးဗီးယား သမ္မတ အီဗို မိုရဲလက်စ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာထူးမှ အနားယူပြီးနောက် မက္ကဆီကိုနိုင်ငံကို အင်္ဂါနေ့က ထွက်ခွာသွားရာ အထက်လွှတ်တော် ဒုဥက္ကဌ ဂျီးနင်း အေနက်ဇ် က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သူမကိုယ်သူမ ကြားဖြတ်သမ္မတအဖြစ် ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံက ဘိုလီးဗီးယား အထက်လွှတ်တော် ဒုဥက္ကဌ အေနက်ဇ်ဟာ ဘိုလီးဗီးယား ဖွဲ့စည်းပုံအရ နိုင်ငံကို ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အခုလို ကြားဖြတ်သမ္မတ အဖြစ် တာဝန်ယူတာကို အားပေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဘိုလီးဗီးယား သမ္မတ မိုရဲလက်စ် ဟာ မက္ကဆီကိုနိုင်ငံမှာ ရောက်ရှိနေပြီး မက္ကဆီကိုနိုင်ငံက သူ့ကို နိုင်ငံရေး ခိုလှုံခွင့် ပေးထားပြီး ဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် အထက်လွှတ်တော် ဒုဥက္ကဌ ဂျီးနင်း အေနက်ဇ် က သူမကို သူမ သမ္မတအဖြစ် မကြေညာခင်မှာ ဖွဲ့စည်းဖွဲ့တရားရုံးကနေ ဝန်ကြီး ၁၁ ယောက်နာမည် တင်သွင်းပြီး စစ်ဦးစီးချုပ် အသစ်ပါ ခန့်အပ် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက် ကြားဖြတ်သမ္မတ အေနက်ဇ်က သမ္မတ နန်းတော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ရွေးကောက်ပွဲကို အချိန်တို အတွင်းမှာ အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
သမ္မတ မိုရဲလက်စ်က ဘိုလီးဗီးယား နိုင်ငံမှာ အေနက်ဇ်က အာဏာသိမ်းလိုက်တာလို့ ပြောဆိုမှုအပါ် အေနက်ဇ် က ဖွဲ့စည်းပုံဆိုင်ရာ အစားထိုးမှုဖြစ်တယ်၊ ဘိုလီးဗီးယားမှာ အာဏာသိမ်းမှု မရှိဘူးလို့ ပြောလိုက်ပါတယ်။
ဘိုလီးဗီးယား နိုင်ငံရဲ့ သမ္မတတာဝန်ကို လေးကြိမ်မြောက် တာဝန်ယူရန် မိုရဲလက်စ် က အောက်တိုဘာ ၂၀ ရက်နေ့ ရွေးကောက်ပွဲကနေ တာဝန်ပေးခြင်း ခံရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က မဲအရေအတွက် ၉၅ ရာခိုင်နှုန်း ရေတွက်အပြီးမှာ မိုရဲလက်စ် အနိုင်ရကြောင်း ကြေညာပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာ အတိုက်အခံ ပါတီတွေကနေ ဒီမိုကရေစီနဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒကို အလေးထားတဲ့အထိ နိုင်ငံနဲ့တဝန်း အထွေထွေ သပိတ်မှောက်ရန် ပြောဆိုလိုက်ပါတယ်။ အဲဒီနေ့မှာဘဲ ကော်မရှင်ရဲ့ ဒုဥက္ကဌက နှုတ်ထွက်ခဲ့ရပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ အတိုက်အခံ ပါတီခေါင်းဆောင် ကားလို့စ် မီဆာက ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပရေးအတွက် သူ့ကို ထောက်ခံသူတွေကို တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့ သမ္မတ မိုရဲလက်က ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း၊ ရွေးကောက်ပွဲမှာ သူ့ထောက်ခံသူ ၄၇.၀၈ ရာခိုင်နှုန်းရှိပြီး မီဆာကို ထောက်ခံသူ ၃၆.၅၂ ရာခိုင်နှုန်းရှိကြောင်း ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၃၁ ရက် ရွေးကောက်ပွဲရလဒ်ကို အမေရိကန်နိုင်ငံမှာ အဖွဲ့ (OAS) က စာရင်းစစ်ဆေးခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ဘိုလီးဗီးယား နိုင်ငံရဲ့ အနည်းဆုံး မြို့သုံးမြို့ရဲ့ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က ပါဝင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၀ ရက် ဘိုလီးဗီးယား ရွေးကောက်ပွဲမှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေ တွေ့ရှိကြောင်း အမေရိကန်နိုင်ငံမှာ အဖွဲ့ (OAS) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့မှာဘဲ ဘိုလီးဗီးယားနိုင်ငံ အလယ်ပိုင်းရှိ ကိုကာစိုက်ပျိုးတဲ့ ဒေသလည်းဖြစ် သမ္မတ မိုရဲလက်စ်ရဲ့ မြေလည်းဖြစ်တဲ့ နေရာကနေ မိုရဲလက်စ်က သူရာထူးက နှုတ်ထွက်ကြောင်း ရုပ်မြင်သံကြားကနေ ကြေညာလိုက်ရာ လာပေ့စ်မြို့မှာ အောင်ပွဲခံမှုနဲ့အတူ အကြမ်းဖက်မှုနဲ့ လုယက်မှုတွေ တစ်ညလုံး ဖြစ်ပွားခဲ့ပါတယ်။
ဘိုလီးဗီးယား နိုင်ငံက ဆန္ဒပြပွဲ အတွင်းမှာ လူ ၁၀ ဦး သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
MDN
ကိုးကား - AFP


