ဝါရှင်တန် ၁၁ အောက်တိုဘာ
အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ဝန်ကြီးများအဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲများကို အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းတွင် စတင်လိမ့်မည်ဖြစ်ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းတစ်ရပ်က ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးသည် ဇူလိုင်လနောက်ပိုင်း ထိပ်တန်းအဆင့်ရှိ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးများအကြား ပထမအကြိမ်ပြုလုပ်သည့် အစည်းအဝေးလည်းဖြစ်လာမည်ဖြစ်သည်။
အမေရိကန်ကုန်သွယ်ရေး အထူးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်တို့သည် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ တချို့သောကိစ္စရပ်များတွင် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား သဘောတူညီမှုတစ်စိတ်တစ်ပိုင်းရရှိလိမ့်မည်ဟုလည်း လေ့လာသူတချို့က မျှော်လင့်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အောက်တိုဘာ ၁၅ ရက်မှ ၃၀ ရက်အတွင်း တရုတ်နိုင်ငံမှလာသည့် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံရှိ ကုန်စည်များအပေါ် စည်းကျပ်ခွန်ကို တိုးမြှင့်မည်ဟုလည်း ပြောကြားခဲ့သည်။
ကိုးကား -အင်န်အိတ်ချ်ကေ
ဘာသာပြန် အလင်းသစ်


