၂၁ နိုဝင်ဘာ
အမေရိကန်နှင့်ထိပ်သီးအစည်းအဝေးပွဲကျင်းပရန် စိတ်မဝင်စားဟု မြောက်ကိုရီးယားထိပ်တန်းအရာရှိတစ်ဦးက ဆိုသည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချိုဆန်ဟူ သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗလာဒီမာ တီတော့ပ်နှင့် မော်စကိုတွင် မဟာဗျူဟာမြောက် ဆွေးနွေးမှုများ ယမန်နေ့က ပြုလုပ်ခဲ့သည်။ ချိုဆန်ဟူ သည် အမေရိကန်နိုင်ငံနှင့် စေ့စပ်ဆွေးနွေးပွဲကို တာဝန်ယူလုပ်ဆောင်ရသူဖြစ်သည်။
ထိုဆွေးနွေးပွဲပြီးနောက် မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနှင့်မဟာဗျူဟာမြောက်မိတ်ဖက်အဆင့် ထပ်မံ မြှင့်တင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သူမသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးနှင့်လည်း တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နှင့်အရှေ့မြောက်အာရှ အခြေအနေကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးပြီးနောက် မြောက်ကိုရီးယား နိုင်ငံအား ဆန့်ကျင်သော ရန်လိုနေသည့် မူဝါဒကို အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထားလျှင် ထိပ်သီးအစည်းအဝေး မဖြစ်သင့်ကြောင်း ချိုဆန်ဟူ က သတင်းထောက်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် ပထမဆုံးထိပ်သီးအစည်းအဝေးပွဲကို ဧပြီလက ကျင်းပခဲ့သည်။ ထိုစဉ်ကတည်းက နှစ်နိုင်ငံ အစိုးရနှင့် ပါလီမန်အမတ်များ အနေဖြင့် အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်လာခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေး ခိုင်မာအောင်ကြိုးစားခြင်းဖြင့် အမေရိကန်ပြည်ထောင်စု အပေါ်ဖိအားပေးရန် ကြိုးစားနေပုံရကြောင်း ဖော်ပြထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


