၂၃ အောက်တိုဘာ

 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ ယာဉ်တန်းဟာ ဂျူလီ ဘရစ်မန်းရဲ့ စက်ဘီးဘေးက ဖြတ်သွားစဉ် စက်ဘီးသမား ဘရစ်မန်းက သမ္မတ ယာဉ်တန်းကို ၂၀၁၇ ခုနှစ်က လက်ခလယ်ထောင်ပြခဲ့ပါတယ်။

 

 

နှစ်နှစ်ကြာပြီး ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် ဒေသတွင်းက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘရစ်မန်းက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

 

၂၀၁၇ ခုနှစ် အောက်တိုဘာလရဲ့ စနေနေ့ညနေပိုင်းမှာ ဗာဂျီးနီးယားပြည်နယ်ရှိ Trump National ဂေါက်ကွင်းအပြင်ဘက်လမ်းမှာ သမ္မတယာဉ်တန်းဟာ အသက် ၅၂ နှစ်အရွယ် ဘရစ်မန်းရဲ့ဘေးက ဖြတ်သွားစဉ် ဘရစ်မန်းက သမ္မတကို သူထင်တဲ့အတိုင်း လက်နဲ့ပြခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ပျက်ပြီး နှစ်နှစ်ကြာတဲ့အထိ ဘရစ်မန်းဟာ ခြိမ်းခြောက်စာတွေ ရရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

 

ဘရစ်မန်း လက်ထောင်ပြတဲ့ ဓာတ်ပုံပျံ့နှံ့အပြီးမှာ အလုပ်ပြုတ်ခဲ့ပါတယ်။ ဘရစ်မန်းဟာ အမေရိကန် အစိုးကို  တဆင့်ခံလုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ ဈေးကွက်သုတေသနမှူးအဖြစ် အလုပ်လုပ်နေရာကနေ ရပ်နားခံခဲ့ပါတယ်။ အလုပ်က ရပ်ဆိုင်းခံခဲ့တဲ့အတွက် သူ့အလုပ်ရှင်ကို ဘရစ်မန်းက လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခံရတယ်ဆိုပြီး တရားစွဲဆို ခဲ့ပါတယ်။

 

 

ဆယ်ကျော်သက်နှစ်ဦးရဲ့ အမေ (single mother) ဘရစ်မန်းဟာ အလုပ်ပြုတ်ပြီး မကြာခင်မှာဘဲ အလုပ်အသစ် တစ်ခုရရှိခဲ့ပါတယ်။ အခုတော့ ဒီမိုကရက်ပါတီကနေ ဒေသတွင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

 

 

ဂျူလီ ဘရစ်မန်းက “အသံချဲ့စက်တစ်ခု သူ့ကို ပေးအပ်ပြီ။ အဲဒီတော့ သူအနေနဲ့ တာဝန်ယူရမယ်လို့ ခံစားရတယ်။ သူ့အနေနဲ့ ထရန့်ကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီတော့ ဒီနေရာကနေ ကွဲပြားတဲ့အရာတွေ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

 

 

MDN

ကိုးကား - AFP