နေပြည်တော် ၁၁ မတ်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် Inter-Parliamentary Union (IPU) ၏ Technical Cooperation Programme Manager, Ms. Norah Babic အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် IPU အနေဖြင့် မြန်မာ့လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအထောက်အကူပေးရေးကိစ္စရပ်များ၊ မြန်မာ့လွှတ်တော် မဟာဗျူဟာစီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ IPU မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးများ၊ ဆက်စပ်အစည်းအဝေးများနှင့် ကော်မတီအစည်းအဝေးများတွင် ပါဝင်တက်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


