နေပြည်တော် ၁၃ မတ်
တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မူဝါဒရေးဆွဲရေး၊ ထုတ်လုပ်မှု လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ အစားထိုး ဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေး၊ နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ သုတေသန လုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးများနှင့် အညီဖြစ်ရေးတို့ကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် မူဝါဒပေါ်ထွက်လာရေးအတွက် ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုပြသပြီး တက်ရောက် လာသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
(ချစ်ဆန်းမောင်)


