ရန်ကုန်  ၂၃  ဖေဖော်ဝါရီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်) က ကြီးမှူးကျင်းပသော "  ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ(၂) " (Museum Activity-II Art Exhibition)အား (၂၀.၂.၂၀၁၉) ရက်မှ(၂၈-၂-၂၀၁၉)ရက်ထိ ဖွင့်လှစ်ပြသလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီချိန်တွင် ပန်းချီဆရာကြီး ဒေါက်တာလွန်းကြွယ်က ပန်းချီအနုပညာဆိုင်ရာ အကြောင်းအရာများ ဟောပြောခဲ့သည်။

 

အဆိုပါဟောပြောပွဲသို့ ဖိတ်ကြားထားသော ပန်းချီအနုပညာရှင်များ၊ပန်းချီအနုပညာချစ်မြတ်နိုးသူများ စုစုပေါင်းအင်အား(၁၆၀)ကျော် တက်ရောက်ခဲ့ကြောင်း၊ ၎င်းနေ့မှာပင် ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ(၂)တွင် ပါဝင်ခဲ့ကြသော ပန်းချီပညာရှင်များ ရေးဆွဲ၊ လက်မှတ်ရေးထိုးပေးထားသော (၈ လက်မ×၆ လက်မ )အရွယ်ပန်းချီကားများကို တစ်ကားလျှင် ကျပ်သုံးသောင်း (အထူးဈေး)ဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

 

MDN