နေပြည်တော် ၅ စက်တင်ဘာ 

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၆/ဝ)အနီးတွင် ရန်ကုန်ဘက်မှမောင်းနှင်လာသော MAZDA TITAN (အဖြူနီကြားအရောင်) ယာဉ်သည် စက်တင်ဘာ ၄ ရက် ည ၁၀ နာရီခန့်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသော Guard Rails တန်းများအား ဝင်ရောက်တိုက်မိခဲ့ပြီး လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်နေခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာသို့ (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

MDN

 

mdn