နေပြည်တော် ၂၄ အောက်တိုဘာ
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၀/၄) နှင့် (၂၀/၅) ကြားတွင် ယနေ့ နံနက် ၆ နာရီခွဲခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Alphard အမျိုးအစား အဖြူရောင်ယာဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ပဲ လမ်းဘေး Guard rails တန်းအား ဝင်ရောက်တိုက်မိ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား (၆)ဦး၊ အမျိုးသမီး (၅)ဦး၊ စုစုပေါင်း (၁၁)ဦးအနက် အမျိုးသား (၃)ဦး (သေဆုံး)၊ အမျိုးသမီး (၁)ဦး (သေဆုံး)၊ စုစုပေါင်း (၄)ဦး (သေဆုံး)၊ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၃)ဦး ၊စုစုပေါင်း(၅) ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် (၁၁)မိုင် အမြန်လမ်း မီးသတ်စခန်းမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
MDN


