၉ စက်တင်ဘာ
ယနေ့ ရက်နေ နံနက်(ဝ၃းဝ၀) အချိန်ခန့်က နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် အမှတ်၁၆/၆-၁၆/၇ အကြား တွင် ခရီသည်များတင်ဆောင်လာသည့် Express. ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦး တင်ထွန်းဦး၄၅နှစ် ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့နေသူမောင်းနှင်လာပြီး ကျား/မ ၄၅ဦး တင်ဆောင်လာသည့် Express. ယာဉ်သည့် 7C/---- ရာဇာအောင် ဟင်္သာတ-မန္တလေး ခရီးသည်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ရာကျား၂ဦးမ ၁ ဦးသေ ဆုံးပြီး ကျား၁၆ ဦးမ၁၂ဦးဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့အမှတ်(၃) စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
MDN
ဓါတ်ပုံ >အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး


