ဘိုကလေး ၁၁  စက်တင်ဘာ 
    

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ စက်တင်ဘာ (၁၁) နံနက်(၂)နာရီ ၄၈ မိနစ် ၄၈ စက္ကန့်တွင် ဘိုကလေးမြို့၏ အနောက် - အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆.၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၈.ဝ၇)ဒီဂရီ၊အနောက်(၅၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)ရှိအဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သတင်းရရှိသည်။

    
ငလျင်လှုပ်ခတ်မှုကြောင့် ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းလူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သက်ဆိုင်ရာမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ မှ သိရသည်။


မိုးစက်(ဘိုကလေး)