နေပြည်တော် ၅ နိုဝင်ဘာ
နိုဝင်ဘာ ၅ ရက်၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၀၆ မိနစ်တွင် နေပြည်တော် မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်ကွာဝေးသော ပုဗ္ဗသီရိမြို့၏ တောင်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၃ ဒီဂရီ၊ အနက်နှစ်ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


